"Welcome From FEELING BIN ONLINE FREE ENTERTAINMENT"

သွေးတိုး ၊ နှလုံး ၊ ဆီးချို (လုံးဝ) သတိပြု

                                                         "သွေးတိုး ၊ နှလုံး ၊ ဆီးချို (လုံးဝ)သတိပြု"

ကျွန်တော်လဲသိလို့တတ်လို့မဟုတ်ပါဘူးခင်ဗျာ ။ ကြားဖူးနားဝနဲ့ ဖတ်ဖူးသမျှလေးကိုပြန်လည်ဝေမျှတာပါ။
လူ့လောကတွင် သွေးတိုး ၊ နှလုံး ၊ ဆီးချိုတို့သည် အဖြစ်အများဆုံးရောဂါများဟု ဆိုစမှတ်ပြုခဲ့ကြသည် ။ ထို
ရောဂါသုံးခုစလုံးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိနေကြသည် ။ အဆိုပါရောဂါတို့သည် မိမိတို့၏နေထိုင်မှု
အလိုက် ဖြစ်ပွားလေ့ရှိကြသလို မျိုးရိုးလိုက်၍လည်းဖြစ်ပွားကြသည်။ အလားတူဆီးချို နှင့် နှလုံးရောဂါဝေဒနာ
ရှင်များစွာလည်းရှိကြရာ မိမိတို့တွင်အဆိုပါရောဂါများ၏ တိုက်ခိုက်မှုမှကင်းဝေးစေရန် အနေအထိုင် ၊ အစား
အသောက် သတိပြုဆင်ခြင်ကြရန် လိုအပ်ပါသည်။ ယင်းရောဂါများမဖြစ်ပွားစေရန် လှုပ်ရှားသွက်လက်သော
ပုံစံမျိုးဖြင့် နေထိုင်ခြင်း ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း ၊ အချို ၊ အငံ ၊ အဆီများ လွန်ကဲသောအစား
အစာများ စားသုံးခြင်းမှ ရှောင်ရှားကြရမည်ဖြစ်သည်။ အသင့်စား (Ready Made)များကို အလွယ်တကူ
ဝယ်ယူစားသုံးမှုကို ရှောင်ရှာခြင်း ၊ ရေဆာပါက အတတ်နိုင်ဆုံးရေကိုသာသောက်သုံးသင့်ပြီး အချိုရည်များ
သောက်သုံးခြင်းမှ ရှောင်ခြင်း ၊ ခန္ဓာကိုယ်အလေးချိန်အား အမြဲစောင့်ကြည့်နေခြင်း ၊ စိတ်ဖိစီးမှု မရှိအောင်
အတတ်နိုင်ဆုံးနေထိုင်ခြင်း စသည်တို့ကို ဂရုပြုရပါမည်။ အဆိုပါရောဂါများ ဖြစ်ပွားနိုင်ချေရှိသူများမှာ
ကိုယ်လက်လှုပ်ရှားမှု နည်းသောသူများ ၊ မျိုးရိုးထဲတွင် အဆိုပါရောဂါတစ်မျိုးမျိုးရှိနေသူများ ၊ သွေးထဲတွင်
ကိုလက်စရောများပြားနေသူများ စသည့်သူများဖြစ်ပွားနိုင်ပါသည်။ အဆိုပါရောဂါများ မိမိတွင်ရှိသည်ဟု
သိပါက သိလျှင်သိချင်းကျွမ်းကျင်သော ဆရာဝန်များနှင့်ပြသတိုင်ပင်၍ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ခြင်း စားသောက်မှုပုံစံအားပြောင်းလဲပစ်ခြင်း ၊ စိတ်ဖိစီးမှုများအားအတတ်နိုင်ဆုံး လျှော့ချခြင်း
များပြုလုပ်သင့်ကြောင်း အကြံပေးလိုပါသည် ။ သွေးတိုးဝေဒနာရှင်များ သွေးပေါင်ချိန် အမြဲစစ်ဆေးပေးရန်
လိုပါသည် ။ အရမ်းသတိထားရပါမည် ။ သွေးပေါင်ချိန် (၂၀၀) နှင့်အထက်ဆိုလျှင် လေဖြတ်နိုင်ပါသည်။
မည်သို့ပင်ဆိုစေ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ ထိရောက်စေပါသည်ဟုအကြံပြုရင်း..... ။

No comments