"Welcome From FEELING BIN ONLINE FREE ENTERTAINMENT"

ကြက်သွန်ဖြူ၏ ဆေးဖက်ဝင် အရေးပါပုံများ


                                                 "ကြက်သွန်ဖြူ၏ ဆေးဖက်ဝင်အရေးပါပုံများ"

၁ ။ ကြက်သွန်ဖြူဥတစ်လုံး၏ အောက်ပိုင်းကိုလှီး၍ ထွက်လာသောအစေးရည်ဖြင့် ပွေး ၊ ၀ဲ ၊ ယားနာ ၊တင်းတိပ်၊၀က်ခြံတို့ကို မကြာခဏပွတ်ပေးက ပျောက်၏ ။

၂ ။ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်သည် ။ ကြက်သွန်ဖြူဥ
တစ်လုံး ဥကြီးခုနစ်လုံးကို နွားနို့စစ်စစ် (၄၀)သားတွင် ထည့်၍ဆူအောင်ကျိုပြီး (၁၀) မိနစ်ခန့် အအေးခံပါ။
နောက်တစ်ကြိမ်ဆူအောင် ထပ်တည်၍ သောက်ပါက သွေးတိုးရောဂါပျောက်၏ ။

၃ ။ ကြက်သွန်ဖြူကို အရည်ပြု၍သောက်ခြင်း ၊ စားခြင်းဖြင့် ချောင်းဆိုးရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် နှင့်
ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော အနာရောဂါများပျောက်၏ ။

၎ ။ ကြက်သွန်ဖြူကို နှမ်းဆီတွင်စိမ်၍ ဆားအနည်းငယ်ထည့်ပြီး ထမင်းမစားမီ စားပါက လေရောဂါပျောက်၏ ။
၅ ။ ကြက်သွန်ဖြူဥတစ်လုံးကို မီးဖုတ်ကျွေးခြင်းဖြင့် ကလေးများ လေဆန်နာပျောက်၏ ။

၆ ။ ကြက်သွန်ဖြူအရည်ကို ရေအနည်းငယ်နှင့် တိုက်ပေးပါက ကြက်ညှာချောင်းဆိုးပျောက်၏ ။

၇ ။ ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင်နှစ်စက်မျှ တစ်နေ့သုံးကြိမ်သောက်ခြင်းဖြင့် ၊ လည်ပင်းတွင်လိမ်းပေး
ခြင်းဖြင့် လည်ပင်းကြီးရောဂါပျောက်၏ ။

၈ ။ ကြက်သွန်ဖြူရည်ကို ဆားနှင့်ရောသောက်ခြင်း ၊ ကြက်သွန်ဖြူကိုကြိတ်၍ နားထင်တွင်လိမ်းပေးခြင်းဖြင့်
ခေါင်းကိုက်ပျောက်၏ ။

၉ ။ ကြက်သွန်ဖြူသည် ရောဂါပိုးများကိုသတ်နိုင်သော စွမ်းရည်သတ္တိရှိသဖြင့် ကြက်သွန်ဖြူကို အဆုတ်
ရောဂါ ၊ အရိုးထိအောင်စားတတ်သော အနာရောဂါများ ကုသရာတွင်လည်း အသုံးပြုသည် ။

၁၀ ။ အကြောအခြင် ကိုက်ခဲခြင်းအတွက် ကြက်သွန်ဖြူအရည်ဖြင့် ပွတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေ၏။
၁၁ ။ နှမ်းဆီငါးကျပ်သားတွင် ကြက်သွန်ဖြူအနည်းငယ် ၊ လေးညှင်းနှစ်ပွင့်ခန့် ထည့်ပြုတ်၍ နားတွင်ပူပူနွေး
နွေးထည့်ပေးခြင်းဖြင့် နားပြည်ယို ၊ နားကိုက် ၊ နားထိုင်း ပျောက်ကင်း၏ ။

၁၂ ။ ကြက်သွန်ဖြူကို ရာသီထိမ်ခြင်း ၊ အနာဝင်ခြင်းနှင့် ဒူလာရောဂါများ ကုသသောဆေးများတွင်လည်း
ထည့်သွင်းအသုံးပြု၏ ။

၁၃ ။ ကြက်သွန်ဖြူကို အမှုန့်ပြု၍ ပျားရည်ဖြင့်စိမ်ပြီး အိပ်ရာဝင်ချိန်တွင် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို
ရေတစ်ခွက်နှင့်သောက်ခြင်းဖြင့် အိပ်ပျော်စားဝင် အားအင်ပြည့်ဖြိုးစေပါသည် ။

No comments