"Welcome From FEELING BIN ONLINE FREE ENTERTAINMENT"

ဖေဖေ့စိတ်ထဲ





ဖေဖေ့စိတ်ထဲ

သားကပြောတယ်
ဖေဖေကားမောင်းရင် သိပ်နှေးတာပဲ တဲ့
ဖေဖေ့စိတ်ထဲ
ကိုယ်ကားပေါ်က မိသားစုလေး
ဘေးအန္တရာယ်ကင်းဖို့ကလွဲရင်
ဘာကိစ္စမှ အရေးမကြီးဘူး။
သမီးကပြောတယ်
ဖေဖေ့အဝတ်အစားတွေ သိပ်အောက်တာပဲ တဲ့
ဖေဖေ့စိတ်ထဲ
ဒီလိုဝတ်စားရတာ ပျော်ပါတယ်
လှပအဖိုးတန်တဲ့ အဝတ်အစားတွေဆိုတာ
သမီးတို့ဝတ်မှ လှတယ်ထင်မိတယ်။
ဒီလိုပဲ
သားနဲ့သမီးက ခဏခဏပြောတယ်
ဖုန်းထဲကဟာတွေ ဖေဖေမသုံးတတ်ဘူး တဲ့
နောက်ပေါ်နည်းပညာတွေ ဖေဖေနားမလည်ဘူး တဲ့
ဟုတ်တယ်
ဖေဖေကငတုံးတစ်ယောက်ပါ
ဖေဖေ့စိတ်ထဲ
သားနဲ့သမီးက ဖေဖေ့ထက်ပိုပြီးထူးချွန်ထက်မြက်နေတာကိုပဲ
ကြည်နူးနေမိတယ်။
စုမောင်မောင်
၂၃ ၃ ၁၇

No comments