"Welcome From FEELING BIN ONLINE FREE ENTERTAINMENT"

"ည"

      "ည"

ညဟာ သူမနှုတ်ခမ်းဖျားထက်က
ပျားရည်စက်လိုပဲ ချိုမြိန်တယ် ။
ညဟာ သူမပါးပြင်ထက်ပေါ်ကျရောက်တဲ့
အနမ်းတစ်စက်လိုပဲ အေးမြတယ် ။
ညဟာ သူမနှုတ်ခမ်းဖူးလေးလို
လှပတယ် ။


သူမနာကျည်းတဲ့အခါ ညဟာ
တိတ်ဆိတ်သွားခဲ့တယ် ။
သူမစကားသံချိုချိုလေးတွေ တိတ်ဆိတ်သွားတဲ့အခါ
ညဟာ အေးစက်သွားခဲ့တယ် ။
သူမ ပါးပြင်ထက်အနမ်းမိုးမရွာဖြစ်တဲ့အခါ
ညဟာ မှောင်မိုက်သွားခဲ့တယ် ။

No comments