ကောင်မလေးသို့  လွမ်းချင်း
"ကောင်မလေးသို့  လွမ်းချင်း"
အလွမ်း...
အဆွေးတွေကိုသာ...
လျော်ကြေးတောင်းလို့ရမယ်ဆိုရင်...
ငါဟာ...ကမ္ဘာမှာ အချမ်းသာဆုံး
ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်....
ကောင်မလေးရေ...
အဲဒီ့...
အလွမ်းအဆွေးတွေ ဆိုတာကလည်း
ငါလုပ်ယူခဲ့တာမဟုတ်သလို...
ဖျောက်ဖျက်ပစ်ဖို့ကလည်း...
မဖြစ်ပြန်ဘူး...
ဟိုး...ငယ်ငယ်
ကလေးဘ၀က
ဖိုးလမင်းကြီးကို ကြည့်ပြီး
" ဖိုးလမင်းကြီးရေ...
ထမင်းဆီဆမ်း...
ရွှေလင်ပန်းနဲ့ပေးပါ" လို့
အမေတိုင်ပေးခဲ့တဲ့ စကားလေးကိုရွတ်ရင်း
ဘာရယ်မဟုတ်....
အဲဒီ့ လမင်းကြီးကို
အနီးကပ်တွေ့ချင်....
မြင်ချင်ခဲ့ပြန်တယ်...
အဲဒါဟာလည်း...
တမ်းတလွမ်းဆွေးခြင်းတစ်ခုဆိုတာ...
ငါ...မသိခဲ့ဘူး....
ခုတော့ တိုင်ပေးသူ
ဘယ်သူမှမရှိတဲ့
စကားလုံးတွေနဲ့
ငါတစ်ယောက်တည်း...
တီးတိုးရေရွတ်...
အလွမ်းအဆွေးဆိုတာကို
ငါ...သိခဲ့ရပြီ...
ကောင်မလေးရေ...
အဲဒီ့...အလွမ်းအဆွေးဆိုတာဟာ
ဆေးမရှိတဲ့ ရောဂါတစ်ခုပဲ...
အဲဒါကို ငါ...သိပ်မကြာခင် အချိန်ကမှ
သိခဲ့ရတယ်...
နင်ပြောခဲ့တယ် မဟုတ်လား...
လွမ်းရင်...ဆွေးရင်...
ဓာတ်ပုံလေးကြည့်...
တိတ်ဆိတ်တဲ့အခန်းလေးထဲမှာ
တစ်ယောက်တည်း
လွတ်လွတ်လပ်လပ်
သီချင်းတွေဆို...
လသာရက်မှာ
လမင်းကိုကြည့်
ပြန်ဆုံမယ့်နေ့တွေကို
ကုန်လွန်စေတာဟာ
အဲဒါ...ငါတို့နှစ်ယောက်အတွက်
ဖြေဆေးတစ်ခုဆိုတာလေ
ဒါပေမယ့်...
ငါ...ရွတ်ဆိုခဲ့တဲ့ သီချင်းတွေလည်း
ထောင်သောင်းမကတော့ပါဘူး...
ငါ...ကြည့်ခဲ့တဲ့ လပြည့်ည လမင်းတွေလည်း
ထောင်သောင်းမကတော့ပါဘူး...
ငါ...နမ်းခဲ့တဲ့ ပုံရိပ်လေးတစ်ခုဟာလည်း
ဆေးရောင်ပြယ်လွင့်လို့
အစားပြန်မရနိုင်တော့ပါဘူး...
ဟောဒီ့...ရင်ဘတ်မှာ
စိုက်ထူခဲ့တဲ့အရာဟာ
အလွမ်းအဆွေးတွေဖြစ်မယ်ဆိုတာ
အစကတည်းက သိခဲ့ရင်ရော
ငါ...ဘာလုပ်မယ်ထင်လဲ...
တကယ်တော့...
ငါဟာ...ပိုးဖလံမျိုးပါ...
ကောင်မလေးရေ...
ငါ..ကြည့်ရမယ့် လပြည့်ည လမင်းတွေလည်း
မကြာခင်မှာ ရောက်လာဦးတော့မယ်...
အဆွေးတွေကိုသာ...
လျော်ကြေးတောင်းလို့ရမယ်ဆိုရင်...
ငါဟာ...ကမ္ဘာမှာ အချမ်းသာဆုံး
ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်....
ကောင်မလေးရေ...
အဲဒီ့...
အလွမ်းအဆွေးတွေ ဆိုတာကလည်း
ငါလုပ်ယူခဲ့တာမဟုတ်သလို...
ဖျောက်ဖျက်ပစ်ဖို့ကလည်း...
မဖြစ်ပြန်ဘူး...
ဟိုး...ငယ်ငယ်
ကလေးဘ၀က
ဖိုးလမင်းကြီးကို ကြည့်ပြီး
" ဖိုးလမင်းကြီးရေ...
ထမင်းဆီဆမ်း...
ရွှေလင်ပန်းနဲ့ပေးပါ" လို့
အမေတိုင်ပေးခဲ့တဲ့ စကားလေးကိုရွတ်ရင်း
ဘာရယ်မဟုတ်....
အဲဒီ့ လမင်းကြီးကို
အနီးကပ်တွေ့ချင်....
မြင်ချင်ခဲ့ပြန်တယ်...
အဲဒါဟာလည်း...
တမ်းတလွမ်းဆွေးခြင်းတစ်ခုဆိုတာ...
ငါ...မသိခဲ့ဘူး....
ခုတော့ တိုင်ပေးသူ
ဘယ်သူမှမရှိတဲ့
စကားလုံးတွေနဲ့
ငါတစ်ယောက်တည်း...
တီးတိုးရေရွတ်...
အလွမ်းအဆွေးဆိုတာကို
ငါ...သိခဲ့ရပြီ...
ကောင်မလေးရေ...
အဲဒီ့...အလွမ်းအဆွေးဆိုတာဟာ
ဆေးမရှိတဲ့ ရောဂါတစ်ခုပဲ...
အဲဒါကို ငါ...သိပ်မကြာခင် အချိန်ကမှ
သိခဲ့ရတယ်...
နင်ပြောခဲ့တယ် မဟုတ်လား...
လွမ်းရင်...ဆွေးရင်...
ဓာတ်ပုံလေးကြည့်...
တိတ်ဆိတ်တဲ့အခန်းလေးထဲမှာ
တစ်ယောက်တည်း
လွတ်လွတ်လပ်လပ်
သီချင်းတွေဆို...
လသာရက်မှာ
လမင်းကိုကြည့်
ပြန်ဆုံမယ့်နေ့တွေကို
ကုန်လွန်စေတာဟာ
အဲဒါ...ငါတို့နှစ်ယောက်အတွက်
ဖြေဆေးတစ်ခုဆိုတာလေ
ဒါပေမယ့်...
ငါ...ရွတ်ဆိုခဲ့တဲ့ သီချင်းတွေလည်း
ထောင်သောင်းမကတော့ပါဘူး...
ငါ...ကြည့်ခဲ့တဲ့ လပြည့်ည လမင်းတွေလည်း
ထောင်သောင်းမကတော့ပါဘူး...
ငါ...နမ်းခဲ့တဲ့ ပုံရိပ်လေးတစ်ခုဟာလည်း
ဆေးရောင်ပြယ်လွင့်လို့
အစားပြန်မရနိုင်တော့ပါဘူး...
ဟောဒီ့...ရင်ဘတ်မှာ
စိုက်ထူခဲ့တဲ့အရာဟာ
အလွမ်းအဆွေးတွေဖြစ်မယ်ဆိုတာ
အစကတည်းက သိခဲ့ရင်ရော
ငါ...ဘာလုပ်မယ်ထင်လဲ...
တကယ်တော့...
ငါဟာ...ပိုးဖလံမျိုးပါ...
ကောင်မလေးရေ...
ငါ..ကြည့်ရမယ့် လပြည့်ည လမင်းတွေလည်း
မကြာခင်မှာ ရောက်လာဦးတော့မယ်...
Post a Comment