"Welcome From FEELING BIN ONLINE FREE ENTERTAINMENT"

မိန်းမကြောက်တယ်ဟုတ် (ဇာတ်သိမ်း)

မိန်းမကြောက်တယ်ဟုတ် (ဟာသ၀တ္ထုတို) ဇာတ်သိမ်းပိုင်း
စာရေးဆရာ - သုဇေရှိုင်း

အေးငါ့တူရဲ့ပုံကိုကြည့်ရုံနဲ့ဦးကဇာတာကြည့်စရာတောင်မလိုဘူး ဒက်ထိဟောလိုက်မယ် မင်းကသောကြာသား။
 ဟာမှန်လိုက်တာ ဆရာရယ် ၊
 ပြီးတော့မင်းမိန်းမကြောက်ရတယ်။
 ဗျာ! ဘယ် ဘယ်လိုသိ သိ ။
 အေးဒါကတော့လွယ်ပါတယ်ကွာ ဦးကမင်းရဲ့ခြေချောင်းလေးတွေကြည့်ပြီးဟော
လိုက်တာကွ ။ 
ဗျာ ဘယ်လို ဘယ်လို ဆရာနဲ့တွေ့တာထူးဆန်းတာတွေချည်းပါပဲလား
 အေးမင်းရဲ့ ခြေချောင်းလေးတွေထဲမှာ ခြေညှိုးက ခြေမထက်တိုနေတယ်ကွ။
ဟာဗျာ ဆရာကလည်း ခြေညှိုးကခြေမထက်တိုနေတာနဲ့ မိန်းမကြောက်ရတာနဲ့ ဘာဆိုင်လို့လဲဗျ ။
 ဟား ဟား ဟား ဆိုင်တာပေါ့ကွ ဒါရှေးအယူအဆ တစ်ခုပဲ
မှတ်ထားကွ။ ခြေညှိုးကခြေမထက်ရှည်ရင် မိန်းမနိုင်တယ် အဲ ဆန့်ကျင်ဘက်အနေနဲ့ ခြေညှိုးကခြေမထက်တိုနေရင် မစဉ်းစားနဲ့တော့ငါ့တူ မင်းလည်စင်းခံပေတော့။
ဗျာ ကယ်ပါဦးဆရာရယ် ယတြာလေးဘာလေး ။
 အေး ယတြာကတော့ရှိတယ်ကွ မင်းလိုက်မလုပ်နိုင်မှာစိုးရတယ်ကွ ။
 ရတယ် မိန်းမ မကြောက်ရရင်ပြီးရော
ဘာဖြစ်ဖြစ်လုပ်မယ်။
 ဒါဆိုလဲသေချာမှတ်သွား ။
 ဟုတ်ကဲ့ ။ 
မင်းအခုနေ အိမ်ပြန်ရောက်သွားရင်ဘောင်းဘီဝတ်ရမယ် ။
 ဟုတ်။
ပြီးရင် ထခုန် ။
 ဗျာ ! ။  မဗျာနဲံ          ငါပြောသလိုလုပ်
။သြော် ဟုတ်ကဲ့ ။ ပြီးရင် မင်းမိန်းမကို ကုန်းပိုးပြီးအိမ်ကို ၁၃ ခေါက်ပတ်ပြေး ။ ဗျာ! ။မဗျာနဲ့ ငါပြောသလိုလုပ်မှာလား မလုပ်ဘူးလား။
အဟင့် လုပ်မှာပေါ့ဗျ ။ ပြီးရင် မင်းရဲ့သားဆီက နို့ဘူးကိုလုစို့ ။ဗျာ ဆရာ့ယတြာကလဲ ကျွန်တော့်ကို သေအောင်သတ်နေတာလားဟင် ။ ဟေ့ကောင်လျှာမရှည်နဲ့
ဒါယတြာကွ ။ ဟုတ် ။ပြီးတော့မင်းက သောကြာသားနော် ။ ဟုတ် ။ သောကြာပူး အီအီးလူး ။ ဗျာ ။ အဲဟုတ်ပါဘူး သောကြာပူးနတ်ပြည်ကူး ဆိုတော့မင်းမိုးကုတ်ဘက်ကို
ခရီးထွက်ရမယ် ကိစ္စကကျောက်တူးရမယ့်ကိစ္စ ။ ဟုတ်ကဲ့ ။အဲဒီမှာမင်း နှစ်လုံးစလုံးအောင်မယ် ။ ဗျာဗျာ!!!!!။ သြော် ငါပြောတာကကျောက်နှစ်လုံးကိုပြောတာပါကွ
မင်းကလဲကိုယ်လိုရာဆွဲမတွေးပါနဲ့ ။ တော်ပါသေးရဲ့နှစ်လုံးကယ်လို့ အဲလေဟုတ်ပါဘူး ကျောက်ကယ်လို့။ ကဲဒါဆိုပြန်ဦးမယ်ဆရာရေ့ ။ 
                                    ဟဲ့ဟဲ့နေဦးလေဥာဏ်ပူဇော်ခလေး ဘာလေးပေးသွားဦးလေ။ သြော်ဟုတ်ကဲ့ ဘယ်လောက်လဲမသိဘူး။ လူလေးသဒ္ဓါသလောက် ငါးထောင်အနည်းဆုံးထည့်ခဲ့ပေါ့ကွယ်။
ဂျာ ။ မဂျာနဲ့ ဆရာ့ဗေဒင်ကမှန်လွန်းလို့ပြောတာပါကွယ် ပိုမယူပါဘူး ။ ရော့ရော့ အေးငါ့ တူကြီးအရာရာအဆင်ပြေပါစေကွယ်။ အဟင့်အိမ်ရောက်ရင်အမေက
ရိုက်တော့မယ် အဲဟုတ်ပေါင် မိန်းမကရိုက်တော့မယ် ဈေးဝယ်ဖို့ပါလာတဲ့ငွေငါးထောင် ကုန်သွားလို့။ အိမ်ဝရောက်ခါစပဲရှိပါသေးသည်။ တစ်ရပ်ကွက်လုံးဟိုးဟိုး
ကျော်အောင်ဖုံးလွှမ်းသွားသော အသံနက်ကြီးကား " သော်..........................ဇင်................တော်ခုချက်ချင်းလာစမ်း မိန်းမကသူ့ကိုယုံကြည်လို့ ငွေငါးထောင်ပေးပြီး
ဈေးလွှတ်တာ သူကဗေဒင်ဆရာကိုအလုပ်ကျွေးပြုတယ်တဲ့ ဟောဒီမှာကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရေ........ ။ ဟောဗျာ ငါခုမှဗေဒင်ဆရာဆီက
ပြန်လာတာ အိမ်ဝပဲရှိသေးတယ် သတင်းကလဲမြန်လိုက်တာ G-Mail တောင်မလိုဘူး။ ကျွန်တော့်မိန်မပုံစံက ညားကာစကလိုမဟုတ်တော့ ။ အိမ်ပေါက်ဝတွင် ထဘီတိုတို
အကျီင်္ဖားလျား လက်တွင်ကြက်မွှေးကိုင်လို့ ။ ဟိုက်~! ကြက်မွှေး အီးဟီးကယ်ကြပါဦးဗျ တားတားအရိုက်ခံရတော့မယ် အီးဟီးဟီး။အမလေး ကိုသော်ဇင် တော်ကျုပ်လက်သံ
ကိုသိတယ်နော်။ အဟင့်သိပါတယ်။ ဒါဆိုခုချက်ချင်းပုဆိုးချွတ် ။ ဗျာ။ တော်နားလေးနေလား တော့်ကိုပုဆိုးချွတ်ခိုင်းနေတာ။ ဟဲဟဲံ မိန်းမအောက်မှာ ဘာမှမပါဘူး။ ကဲဒါဆိုလဲ
ကဲဟယ်ကဲဟယ်။ရွှမ်း ရွှမ်း ။ အောင်မြတ်လေး တေပါပြီဂျ ။ ဟိုက် ! ပြေးရင်းနဲ့ ပုဆိုးဘယ်နားကျွတ်ကျခဲ့လဲမသိဘူး ။ လူကလမ်းလယ်ခေါင်ရောက်နေပြီ။ဟိုက်! မတ်တပ်ကွဲပြီ
အဲလေဟုတ်ပါဘူး အရှက်ကွဲပြီဗျ အီးဟီးဟီး။ အိမ်ပြန်ရောက်ဖို့တော့ ကျောက်ခေတ်ကလိုပဲ သစ်ရွက်လေးတွေဖုံးပြီးပြန်လာခဲ့ရတော့လေသတည်း။ ကဲမိန်းမယူချင်ဦးဟဲ့
အဲဒီတဏှာတူနဲ့ကိုထုပစ်ဦးမယ် ။ ( ဒုံး........) အောင်မြတ်လေးဗျ ဒါမှ တဏှာကိုထုမိလို့ တကယ်ကွဲပြီ ( တဏှာ = ဒူးခေါင်း ) ဟဲဟဲတလွဲထင်နေမှာစိုးလို့။ ကျွန်တော်တို့
မြို့လေးရဲ့အကျင့်က ညရောက်တိုင်းရပ်ကွက်ထဲကလူတွေစုပြီး ရေနွေးကြမ်းသောက်၇င်း စကားစမည်ပြောကြတယ်။ အဲဒီမှာကျွန်တော်က
 "အဟင်းအဟင်းဒီမှာ ဦးလေးတို့ဦးကြီးတို့
ဒီနေ့တော့ကျွန်တော်က မြန်မာစကားပြောနည်းဆယ်နည်းထဲက ကြက်ငှက်စွပ်ပြုတ်ပြောနည်းအကြောင်းပြောချင်ပါတယ်။
 ဘာတုန်းဟမင်းဟာက ကြက်ဆုပ်ခွပ်ပစ်ပါဟ 
။သြော်
ဟုတ်လား ဟီးဟီး။
 ဟေ့ကောင်ဘာမှဟီးဟီးမနေနဲ့ ငါတို့လူကြီးတွေပြောတဲ့စကားပဲမင်းနားထောင်။ 
ဟုတ်ကဲ့ ။
 ကဲကိုဘတိုးရဲ့ ဟိုဘက်ရွာတောင်ပိုင်းဒေါ်ဘုမရဲ့သမီးလေ လင်နောက်ကိုလိုက်သွားလို့တဲ့ ။ ဟေ...ဟုတ်ကလား ။ 
ဒါနဲ့ဟိုဘက်အိမ်ကလင်မယားနှစ်ယောက်လေ မပြောချင်ဘူးအိမ်တွင်းစစ်ပွဲဖြစ်တာ ကုတင်ကိုကျိုးကျပါရောလား ဟိဟိ အဲ .. တစ်မျိုးမထင်ကြနဲ့နော် ကုတင်ကိုယောက်ျားကဓါးနဲ့ရိုက်ချိုးပစ်တာလေ ။ 
အို... ဘကြီးမှုံကျွန်တော်ပြောဦးမယ် ဟိုဟာလေ +-x%%%%%%%% /
ဝါး .. ၀ါးးး 
ဘယ်အချိန်ကနေဘယ်လိုဖြစ်သွားမယ်မှန်းမသိ ကျွန်တော်အိပ်ယာကနိုးတော့

"အမလေးလာပါဦးကိုသော်ဇင် တော်နိုးပြီလား ဟင်ဘယ့်နှယ့်အလုပ်မရှိအကိုင်မရှိ နေ့တိုင်းညတိုင်းရပ်ကွက်ထဲကလူတွေကို ခေါ်ပြီးတော့ယောက်ျားတန်မဲ့ အတင်းတုပ်နေတာ တော်မရှက်ပေမဲ့ကျုပ်ရှက်တယ်တော့"
 "အာ...မိန်းမကလဲကွာ သူတို့ဘာသူပြောတာဘာဖြစ်လဲကွ " "သြော်...ဘာဖြစ်ဟုတ်စ...ကဲ..ဒါဖြစ်တယ်တော်"
 "ရွှမ်း..ရွှမ်း" "အမလေးအမေရဲ့ ကယ်ပါဦးဗျ" 
"ကဲ...မိန်းမယူချင်တဲ့ဒုက္ခ" 


သေသေချာချာစဉ်းစားပြီးမှ မိန်းမယူကြပါလို့ အကြံပြုရင်း......

No comments